သုတနည်းပညာ အင်ဂျင်နီယာ မေဂျာနှင့် ပက်သက်သည့်မေးလေ့မေးထရှိသော မေးခွန်းများ
ကွန်ပျူတာကို အသုံးပြုခြင်းဖြင့် လုပ်ငန်းများ လွယ်ကူမြန်ဆန်တိကျသေချာစွာ ဆောင်ရွက် လာနိုင်အောင် လုပ်ဆောင်ပေးနိုင်သော ပညာရပ်ဖြစ်ပါသည်။
- Software ရေးသားရာတွင် လိုအပ်သော C++ သင်ခန်းစာများ၊ C# သင်ခန်းစာများ
- Web Page ရေးသားနိုင်သော HTML သင်ခန်းစာများ၊ PHP သင်ခန်းစာများ
- Computer Hardware အတွင်းပိုင်းလုပ်ဆောင်ပုံများ နှင့် တပ်ဆင်ခြင်း သင်ခန်းစာများ
- Networking သင်ခန်းစာများ
- Analog and Digital နည်းပညာများ
- Software Developer၊ Programmer နှင့် Software Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများ
- Web Developer အဖြစ်ရပ်တည်ချင်သူများ (သို့) Web Page ရေးတတ်ချင်သူများ
- Network Engineer၊ IT Technician တစ်ယောက်ဖြစ်ချင်သူများ
IT ဘာသာရပ်တွင် Hardware နှင့် Software နှစ်မျိုးစလုံး သင်ကြားပေးသည့်အတွက်ကြောင့် ကျောင်းပြီးပါက Hardware ဖြင့်အလုပ် လုပ်နိုင်သလို၊ Software ဖြင့်လည်း အလုပ်လုပ်နိုင်ပါသည်။ ထို့ကြောင့်
စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
- ကြိုက်နှစ်သက်ရာ လမ်ကြောင်းကို ရွေးချယ်နိုင်ခြင်း
- အလုပ်အကိုင် အခွင့်အလမ်း ပေါများခြင်း
- အလုပ်ကျွမ်းကျင်မှုအပေါ်မူတည်ပြီး လစာများမား ရနိုင်ခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ကျောင်းတက်ရောက်ရာတွင် လိုအပ်သော အချက်အလက်များ နှင့်ပက်သက်သည့် မေးလေ့မေးထရှိသော မေးခွန်းများ
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) သို့ ဝင်ခွင့်လျှောက်ထားရာတွင် ယူဆောင်လာရမည့် အချက်အလက်များမှာ
- တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မူရင်း
- အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက် မူရင်း
- မြို့နယ်ရဲစခန်း ထောက်ခံချက် မူရင်း
- ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ မူရင်း
- ကျောင်းသား/သူ နှင့် မိဘ နှစ်ဦးစလုံး၏ မှတ်ပုံတင် မိတ္တူ၊ မူရင်း (တိုက်ရိုက်စစ်ပေးရန်)
- ကျောင်းသား/သူ ပါသည့် အိမ်ထောင်စုဇယား မိတ္တူ
- ပတ်စပို့ ဓါတ်ပုံ (၃)ပုံ
၁၀တန်းအောင် များအတွက် AGTI ဝင်ခွင့်လျှောက်လွှာပုံစံ
GTI-enterence-form1
download ရယူပါ
download ရယူပါ
GTHS ထူးချွန်စွာအောင်မြင်သူများအတွက် AGTI ဝင်ခွင့်လျှောက်လွှာပုံစံ
GTI-entrence from GTHS form
download ရယူပါ
download ရယူပါ
ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား/သူ များ ကျောင်းအပ်ရာတွင် လိုအပ်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ဓါတ်ပုံ(၃)ပုံ (ဓါတ်ပုံတွင် ဆံပင်နီ/ရောင်စုံဆိုး (ကျား/မ)/ ဆံပင်ရှည်(ကျား) ပုံများမရပါ)
- အမှတ်စာရင်း (မူရင်း)
- ဆယ်တန်းအောင်လက်မှတ်မိတ္တူ (မူရင်းယူဆောင်လာရန်)
- မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ)
- အဖေအမေမှတ်ပုံတင် (မူရင်းနှင့် မိတ္တူ)
- ရပ်ကွက်ထောက်ခံစာ
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (အောင်/ကျရှုံး) ကျောင်းသား/သူများ ကျောင်းအပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ကျောင်းသာ/မိဘ မှတ်ပုံတင် မိတ္တူ
- ဓါတ်ပုံ(၃)ပုံ (ဓါတ်ပုံတွင် ကျောင်းယူနီဖောင်းဖြင့် ရိုက်ထားသောပုံ ဖြစ်ရမည်။ ဆံပင်နီ/ရောင်စုံဆိုး(ကျား/မ)၊ ဆံပင်ရှည်(ကျား)ပုံ များမရပါ။)
GTHS အထူးအောင်များ ကျောင်းအပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- အမှတ်စာရင်း (မူရင်း)
- GTHS အောင်လက်မှတ်မိတ္တူ (မူရင်း ယူဆောင်လာရန်)
- ဓါတ်ပုံ (၃)ပုံ (ဓါတ်ပုံတွင် ကျောင်းယူနီဖောင်းဖြင့် ရိုက်ထားသောပုံ ဖြစ်ရမည်။ ဆံပင်နီ/ ရောင်စုံဆိုး (ကျား/မ)၊ ဆံပင်ရှည်(ကျား) ပုံများမရပါ။)
- ကျောင်းသား/မိဘ မှတ်ပုံတင်မိတ္တူ
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။